Skip to content

Latest commit

 

History

History
109 lines (71 loc) · 11.3 KB

README.mm_unicode.md

File metadata and controls

109 lines (71 loc) · 11.3 KB

Open Source Love License: MIT Open Source Helpers

ပထမအကြိမ် ကူညီထောက်ပံခြင်း

ဘယ်အရာမဆို ပထမဦးဆုံးလုပ်ဆောင်အခါ အခက်အခဲတွေ့ကြုံရပါတယ်။ အထူးသဖြင့် လူအများနဲ့ ပေါင်းသင်းလုပ်ကိုင်ကြတဲ့ အခါ မထင်မှတ်ထားတဲ့ အမှားများတွေ့ရတတ်ပြီး အဆင်မပြေတာတွေဖြစ်တတ်ပါတယ်။ Open source software များကတော့ လူအများနဲ့ ပေါင်းသင်းဆက်ဆံလုပ်ကိုင် ကြရတာပါ။ ဒါကြောင့်မို့ ပထမဦးဆုံးအကြိမ် open-source project များကို ပါဝင် ကူညီထောက်ပံသူများကို ပထမဆုံးအကြိမ် ကူညီထောက်ပံနိုင်ဖို့နဲ့ လွယ်ကူ ရိုးရှင်းတဲ့ လေ့လာနည်းဖြစ်ဖို့ ရည်ရွယ်ပါတယ်။

လေ့ကျင်ခန်း စာစောင်တွေနဲ့ ဗီဒီယိုတွေက အကူအညီရနိုင်သော်လဲ တကယ်လက်တွေ့လုပ်ဆောင်တာထက် ပိုကောင်းတာမရှိပါဘူး။ ဒီ project က ပထမဆုံးအကြိမ် ကူညီထောက်ပံပေးမဲ့ သူတွေအတွက် လွယ်ကူ ရှိးရှင်းပြီး အကူအညီအထောက်ပံ့ဖြစ်စေဖို့ ရည်ရွယ်ပါတယ်။ မှတ်ထားပါ : သင်ကသက်တောင်သက်သာရှိလေလေ သင်ကပိုကောင်းကောင်းသင်ယူနိုင်လေ ဖြစ်တယ်။ သင်သာ အောက်မှာရှိတဲ့ အဆင့်တိုင်းလုပ်သွားလျှင် သင့်ရဲ့ ပထမဆုံး ကူညီထောက်ပံခြင်းမှာ အဆင်ပြေစွာ ပြီးမြောက်သွားမှာဆိုတာ အာမခံပါတယ်။

fork this repository

Read this in other languages: English, Indonesian, French, Spanish, Dutch, Hindi, Russian, Japanese, Vietnamese, Polish, Korean, German, Simplified Chinese, Traditional Chinese, Greek, العربية, Ukrainian, Português/Brasil, Italian, ภาษาไทย and Galician.

သင့်ရဲ့စက်ထဲမှာ git မသွင်းရသေးရင်, ဒီမှာသွင်းနည်းကြည့် .

ဒီ repository ကို fork လုပ်ပါ

Fork လုပ်ဖို့အတွက် စာမျက်နှာအပေါ်နားမှရှိတဲ့ fork ခလုပ်ကိုနိပ်ပါ။ ဒီ repository က သင့် အကောင့်ကို ပုံစံတူပွားအနေနဲ့ ရောက်လာပါမယ်။

ဒီ repository ကို clone လုပ်ပါ

clone this repository

copy to clipboard icon ကိုနိုပ်ပီး သင့်စက်အတွင်းသို့ ဒီ repository ကို clone လုပ်ယူပါ။

Terminal ကို ဖွင့်ပြီး အောက်ရှိ git command ကို run ပါ။

git clone "သင့်ကူးထားတဲ့ url ကိုထည့်ပါ"

"သင့်ကူးထားတဲ့ url ကိုထည့်ပါ" (သင့်ကူထားတာ quote အမှတ်အသားမှာမပါ) နေရာမှာ ထည့်ရမှာက သင့် clone လုပ်မဲ့ repository ရဲ့ url ဖြစ်ပါတယ်။ ဒီအဆင့်ကို အဆင်မပြေဖြစ်ခဲ့ရင် အနောက်တစ်ဆင့်ကို ပြန်ကြည့်ပါ။ copy to clipboard icon ကို နိုပ်ပီး url ကို copy ကူးထားတာကိုတွေ့ရမှာပါ။

copy URL to clipboard

ဥပမာကို အောက်မှာကြည့်ပါ။

git clone https://github.com/this-is-you/first-contributions.git

this-is-you နေရာမှာက သင့်ရဲ့ GitHub အမည်ဖြစ်ရမှာပါ။ ဒါက သင့်ရဲ့ Github မှာရှိနေတဲ့ repositoryကို သင့်စက်ထဲ့ကို copy လုပ်ခြင်းပဲဖြစ်ပါတယ်။

Branch အသစ်လုပ်ခြင်း

သင့် copy လုပ်ထားတဲ့ repository directory ကို မရောက်သေးရင် ရောက်အောင်သွားပါ။

cd first-contributions

Branch အသစ်ကို git checkout command ကို run ပြီးလုပ်ပါ:

git checkout -b <add-your-name>

ဥပမာ:

git checkout -b add-alonzo-church

(Branch နာမည်ဘာဖြစ်ဖြစ်ရပါတယ် သို့သော်လဲ ဒီ project ကသင့် နာမည်ကိုထပ်ထည့်မှာဖြစ်လို့ add သင့်နာမည်ကို အားလုံးနဲ့ အဆင်ပြေအောင်ထည့်ပေးပါ။)

ပြောင်းလဲမှုများလုပ်ပြီး အဲ့ပြောင်းလဲ့မှုများကို commit လုပ်ခြင်း

သင့် text editor မှာ Contributors.md ကိုဖွင့်ပါ။ သင့်ရဲ့ နာမည်ကို အဆင်ပြေတဲ့ နေရာမှာထည့်ပြီး save ပါ။ ပြီရင် ဒီ folder ရှိတဲ့နေရာကိုသွားပြီး git status command ကို run ပါ။ သင့်ဘာတွေပြောင်းထားလဲဆိုတာ မြင်ရပါလိမ့်မယ်။ ဒီပြောင်းလဲမှုတွေကို သင့်ရဲ့ branch ကိုထည့်ဖို့အတွက် git add command ကို run ပါ။

git add Contributors.md

အခု commit လုပ်ဖို့ git commit command ကို run ပေးပါ။

git commit -m "Add <your-name> to Contributors list"

<your-name> သင့်နာမည်ကို အစားထိုးပါ။

သင့်ရဲ့ ပြောင်းလဲ ပြုပြင်မှုကိုများကို Github သို့တင်ပါ။

ပြောင်းလဲမှုများကို Github သို့တင်ဖို့အတွက် git push ကို run ပါ။

git push origin <add-your-name>

<add-your-name> နေရာမှာ သင့်အသစ်လုပ်ထားတဲ့ branch နာမည်ကိုထည့်ပါ။

သင့်ပြောင်းထားတာ တွေကို review လုပ်ဖို့ ပို့ပါ။

သင့် GitHub က သင့် repository ကိုမှာဆို Compare & pull request ဆိုတဲ့ ခလုတ်မြင်နေရမှာပါ။ အဲ့ခလုတ်ကို နိုပ်လိုက်ပါ။

create a pull request

အခုဆို pull request လုပ်ဖို့အဆင်သင့်ဖြစ်သွားပါပြီ။

submit pull request

သင့်ရဲ့ပြောင်းလဲမှုတွေကို ဒီ project ရဲ့ master branch မှာ ထည့်သွင်းပေးမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီ project ရဲ့ master branch မှာ ထည့်သွင်းပြီးရင် သင့်မှာ notification email ရောက်လာပါလိမ့်မယ်။

သင်ခန်းစာ ကို အခြား Tools များအသုံးပြုချင်း

GitHub Desktop Visual Studio 2017 GitKraken
GitHub Desktop Visual Studio 2017 GitKraken

ဒီကနေ ဘယ်လိုရှေ့ဆက်မလဲ

သင့်မှာ အကူအညီလို လို့ ဒါမှဟုတ်မေးစရာရှိလို့ ဘာပဲဖြစ်ဖြစ် slack မှာ လာပြီး လုပ်ဆောင်မေးမြန်လို့ရပါတယ်။ Slack team သို့ ဒီမှာချိတ်ဆက်ပါ

ဒီနေရာကနေ နာမယ့်ကြီးတဲ့ project တွေရဲ့ အခြေခံ issue များကိုသင့်ဖြေရှင်ပေးလို့ရပါပြီး။ ဒါကြောင့် သင် အောက်က repository တွေကိုသွားပြီး လေ့လာပါ။